နှင်းဆီချစ်သူ{roselover}
သက်ရှိသက်မဲ့ ဘယ်အရာကိုမဆို...... တဏှာနဲ့ချစ်ရင် စိတ်ပူလောင်ရတယ်။ သဒ္ဒါ၊မေတ္တာနဲ့ချစ်ရင် စိတ်အေးချမ်းရတယ်။ ဒေါသနဲ့မုန်းရင် စိတ်ဆင်းရဲရတယ်။ သတိဥာဏ်နဲ့မုန်းရင် စိတ်ချမ်းသာရတယ်။ တွေ့ကြုံဆုံစည်းလာသမျှ သက်ရှိသက်မဲ့ အာရုံတိုင်းကို ငါနဲ့ သက်ဆိုင်တဲ့ ငါဥစ္စာလို့ စွဲလမ်း သိမ်းပိုက်ခဲ့မိလို့ ငါ့စိတ်တွေပူလောင်ခဲ့ရတာပါ။ ငါ့ဆိုတဲ့ နှောင်ကြိုးတွေအားလုံးကို ဖြတ်တောက်ပစ်နိုင်မယ်ဆိုရင်တော့ ငါ့စိတ်တွေ အေးချမ်းနေမှာပါပဲ။ ငါ့စိတ်တွေ အမြဲတမ်းအေးချမ်းနေဖို့ ငါ့ကို မချစ်ပါနဲ့တော့လားကွယ်.....
**ဝမ်းနည်းခြင်း အထိမ်းအမှတ်** မောင်လှမျိုး (ချင်းချောင်းခြံ)
“မီး” လောင်ပြီးစ
တစပြင် တစ်ခုလို
ပြာကျ ကျန်ရစ်ခဲ့မယ်…လို့ ထင်သလား။
…
“အချစ်” ကို
မီးရှူးတိုင်လို ကိုင်မြှောက်ပြီး
…, လမ်းလျှောက်ခဲ့သူပါ။
မီးစာကုန် ဆီခမ်း
အချစ်က ညာနမ်းသွား… လို့
နည်းနည်းတော့ လွမ်းတတ်ပါတယ်။
ငါ.. ကံကောင်းတာက
“မီး” သေသွားပေမယ့်၊
နေမင်း… လမင်း
ကြယ်, ပန်းခင်းတွေက
ငါ့ မနက်ခင်းကို လင်းစေတယ်။
ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ်
အချစ်ကို…
သံသယတွေနဲ့ ပစ်ပေါက်မိတယ်။ ။
မောင်လှမျိုး(ချင်းချောင်းခြံ)
အမှတ်တရပေါ့
လူတံခွန်
No comments:
Post a Comment