Sunday, November 22, 2015

မိုးသက်ငြိမ်းဦး

စ စ်


ဘာအတွက်​ရယ်​ ဘာ​ကြောင့်​ရယ်​မသိရပဲ
အိပ်​မက်​​တွေလှပ​နေတဲ့ မိသားစုအိမ်​​လေးထဲ
ကမ္ဘာပျက်​သံ ပွက်​ပွက်​ညံရာက
မျက်​နှာကို လာစင်​တဲ့​သွေးစ ​သွေးနများ ....
အိမ်​​ခေါင်​မိုးဟာ ဟာလာဟင်းလင်းဖြစ်​သွားတယ်
နေ့လယ်​ကအတူကစားခဲ့တဲ့သူငယ်​ချင်းရဲ့လက်​တစ်​ဖက်
သွေးစက်​လက်​နဲ့ရင်​ဘတ်​ကိုလာမှန်​တယ်​ ၊
ညက​ချော့သိပ်​ခဲ့တဲ့အ​မေ့ရဲ့ရင်​ဘတ်​ကြီး
မြင်​ရက်​စရာမ​ကောင်း​အောင်​ ​ဟောင်း​လောင်းပွင့်​သွားတယ်​ ၊
ထမင်းခွံ့​ကျွေးခဲ့တဲ့အ​ဖေ့ရဲ့ဦး​ခေါင်းတစ်​ခုလုံး
အစိတ်​စိတ်​အမွှာမွှာ တစစီ ဖြစ်​သွားတယ်​ ၊
ဂျီကျတတ်​တဲ့ညီမ​လေးရဲ့ဗိုက်​က
အူ​တွေအ​ထွေးလိုက်​အလျားလိုက်​ ၊
အမြဲသည်းခံအ​လျော့​ပေးတဲ့
အစ်​ကိုကြီးရဲ့​သေအံ့မူးမူးဆတ်​ဆတ်​တုန်​ရင်​​​နေခြင်း
အ​မှောင်​ထဲက အလင်းတန်း​တွေ
အော်​သံ​ခေါ်သံငရဲပွက်​သံကြီး​တွေဟာလဲ မကြားချင်​မှအဆုံး
မျက်​လုံးတစ်​ဖက်​ကလွဲလို့
ကျွန်​​တော့်​တစ်​ကိုယ်​လုံးအ​ပေါ်
မြေစိုင်​ခဲ​တွေဖုံးအုပ်​သွား...
ကျွန်​​တော်​မွန်းကြပ်​တယ်​...။
ကျွန်​​တော်​ မ​သေဘူး
ကျွန်​​တော်​ မ​သေ​သေးဘူး...။
** ကျွန်​​တော်​​သေသွားခဲ့ရင်
လူ​တွေဖန်​တီးတဲ့ စစ်​ပွဲ​တွေအ​ကြောင်းကို
ဘုရားသခင်​​ရှေ့မှာ ဖွင့်​ချမယ်​  ...**  ။    ။

မိုးသက်​ငြိမ်​ဦး

၂၀၁၅ ၊နိုဝင်​ဘာလ

ကောင်းကင်​ မဂ္ဂဇင်း

No comments:

Post a Comment