ဖျတ်ကနဲ
ငါ့ရုပ်နာမ်တစ်စုံက
ဘ၀ ဆိုပြီး လောကရဲ့ စက္ကန့်တစ်ခုကို
ထိခတ်ပွတ်ရှ ကျော်လွန်ခဲ့ရ
အနာတရတွေ တောင် ဖျတ်ကနဲ အရွယ်ရောက်လို့
အလင်းရဲ့  အလျင်မှာ
ဖျတ်ခနဲ ပျို ရွယ်ကြီး ရင့်
ချစ်ခင်မုန်းသနားတဲ့ သတ္တဗီဇ
အတ္တ
ဆန္ဒာဂတိ
ဖျတ်ခနဲပေါ့
ငါဟာငါ့ကိုထါးခဲ့တယ်..
အဆိုးအ ကောင်းတွေ ဖေါင်းပွစွာ။
...ငါ့ကိုငါပြန်မတွေ့နိုင်တဲ့ဖျတ်ခနဲများ
ငါဟာတရွေ့ ရွေ့ .တလှုပ်လှုပ်
..........
ဖျတ်ခနဲများစွာ
ငါနဲု့ငါဟာ... ပိုဝေးလါတယ်
သွားနေခြင်းသည် က. ပိုရ်ျ ဝေးစေတော့သည်။
ရပ်တည်ရာမဆုံးတဲ့
ဖျတ်ခနဲ ဘ၀အုံ့ပုန်းရဲ့ 
သင်္ခါရထွန်းကားရာ ရပ်ဝန်းက
အလျင်နှုန်းမှာ....
ငါဟာ ....
ဖျတ်ခနဲပဲ
စ. လယ် . ဆုံး ခဲ့တယ်။
လူတံခွန်
၎. ၁၂. ၁၅
No comments:
Post a Comment