Sunday, November 22, 2015

တောင်ကြီးအလွမ်းပြေ

**  ကြယ်ကြွေညထဲ
ဒါဟာကြယ်ကြွေ ညပဲ ကိုယ့်အလင်းမှူန် နဲ့ကိုမှေးစက်နေရတာ
ကြယ်အိုတစ်လုံးရဲ့ ငိုကြွေးသံတွေ အတွက်
တစ်ယောက်ယောက်   ကတောင်း ဆုချွေဖို့ စောင့်ကြိုနေမယ်၊
ဒီလိုချိန်ပေါ့ ဒီလိုညတွေ မှာ “ဟိုးမှာကြယ်လေးတွေကြွေရင် ဘာဆုတောင်းမလဲ မောင်”တဲ့
အဲဒီကစပြီး ငါ့ကိုယ်ငါ ချွေချနေတာ
အလင်းနှစ်တွေထဲ ဆန္ဒတစ်စုံ ရှင်သန်ဖို့၊
တစ်နေ့တစ်နေ့ အဓိပ္ပါယ် သတ်သတ်မှတ်မှတ် မရှိတဲ့ အရောင်တွေ ထဲ
ရှင်သန်ပြေးလွားနေတတ်တဲ့ သေသူ။
ကြယ်ငါးပွင့် ဆိုတာတွေကို မုန်းပေမယ့်
ကြယ်တွေခူးပြီး သူ့ရဲ့ ဆံနွယ်တွေ မှာ ပန်ပေးချင်သူ
ဘဝမှာကြီးကျယ်တယ် ဆိုလို့ ကြယ်လေးတစ်စင်း ရင်ထဲကြွေကျတဲ့ အခိုက်ပါပဲ
တန်ဖိုးဆိုတာ လူတစ်ယောက်ရဲ့ တပ်မက်ဆွဲလမ်း မှူ့တစ်ခုပဲမဟုတ်လား
တန်ဖိုးကြီးကြီးပေးပြီး ရံထားမိ တဲ့ဆူးတွေက အဆိပ်တွေဖြစ် လာလိမ့်မယ်ဆိုတာ ဘယ်သူသိခဲ့မှာလဲ
မင်းနဲ့ပတ်သတ်သမျှ ဓါတ်ပြုလွယ်ခဲ့တယ်
ဝန်ခံပါတယ်
 ကိုယ့်သံသယနဲ့ကို မရိုးသားခဲ့ဘူးဆိုတာ
သံသယရောထားတဲ့ ယုံကြည်မှူ့ဆိုတာ ကိုယ့်လက်ဖျံသွေးကြောကို ကိုယ်တိုင်လှီးဖြတ်ပစ်တာပါပဲ
တစ်နေ့ရှင်သန်နိုး အသက်သွင်းမိတဲ့ ဘဝတွေ အသက်ကယ်ဆေးမမှီတော့
တန်ဖိုးထားမိတဲ့မြတ်နိုး ခြင်းတွေ မြေနိမ့်ရာအရပ်က စွန့်သွားပါတော့
နှလုံးသွေးတွေ ”တဝေါဝါ” သွန်ထုတ်ပြီး ဒီစက်ကွင်းနဲ့ဝေးရာ နှင်ထုတ်လိုက်တာ
”သူရဲဘောကြောင် လိုက်တာ” ”သူရဲဘော ကြောင်လိုက်တာ” ဟားဟားဟား
သူရဲဘော ကြောင် လိုက်တဲ့ကောင် ကွာ သူ/_ တို့ သတ်မှတ်တဲ့အဓိပ္ပါယ်ထက်
သွေးထားတဲ့ဓါးနဲ့ ကိုယ့်အသွေးအသားကို ထိုးဆွပစ်နေမိတယ်။
တက်လာတဲ့သွေးနုသားနုမှာ ကျီးပေါင်းတွေထလို့
စီးနေတဲ့သွေးထဲ အလင်းမှူန်ပါဝင်မှူ့ဟာ ထွန်းလင်းနေမဲ့ သစ္စာတရားပဲ
……………
ဒီလိုညတွေပေါ့ ဒီလိုချိန်မျိုးမှာ တောင်းဆုတစ်ခု အတွက်ကြယ်လေးတစ်လုံး ကြွေသွားတယ်
”----------------------------------------------------------------”
သြော် မင်းရဲ့တောင်းဆုပြည့်ပါစေတော့  ……ကွယ်။   

No comments:

Post a Comment