မ ႏ ၱ ေ လ း
မြို့က ရွေ့လျားမသွားပဲ
မြို့သူမြို့သားတွေက ရွှေ့သွားကြတယ် ။
မြို့သူမြို့သားတွေက သေဆုံးမသွားပဲ
မြို့က အသက်မဲ့သွားတယ် ။
မြို့က ကွာရှင်းပြတ်စဲလိုပေမယ့်
မြို့သူမြို့သားတွေက
လက်ထပ်ပေါင်းသင်းချင်ကြတယ် ။
မြို့သူမြို့သားတွေက လွမ်းတမြမြ
တမ်းတနေကြပေမယ့်
မြို့က မောပန်းလွန်းလို့ နားချင်ပြီတဲ့ ။
မြို့ကကျုံးမြို့ရိုးနဲ့နန်းတော်နဲ့
ပြယုဂ်လှပေမယ့်
မြို့သူမြို့သားတွေက ဆင်ခြေဖုံးနဲ့
မြို့သစ်မှာ ဇတ်ထုပ်က ကြတယ် ။
မြို့သူမြို့သားတွေက ဧရာဝတီ ကို
တိုင်တည်အားကိုးပေမယ့်
မြို့က ဧရာဝတီ ကို
ကြည့်ရင်းသနားနေတယ် ။
မြို့ကို ပြန်ခေါ်ဖို့ခဲယဉ်းနေပေမယ့်
မြို့သူမြို့သားတွေကို
ပြန်ခေါ်ဖို့တော့ ခက်ခဲမနေဘူး ။
မြို့နဲ့မြို့သူမြို့သားတွေ
အိပ်မက်ချိုချိုမက်နေပေမယ့်
အခုချိန်အထိတော့
အလှမ်းဝေးနေသေးတယ် ။ ။
မိုးသက်ငြိမ်ဦး
Perfect မဂ္ဂဇင်းမတ်လ ၂၀၁၄
Sent from my Huawei Mobile
No comments:
Post a Comment